ကော့ကရိတ်မြို့နယ်၌ အကြမ်းဖက်များက ကျေးရွာအတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် အရပ်သားပြည်သူတစ်ဦးဒဏ်ရာရ
ThePillarMediaMyanmar
ထောက်တိုင် မီဒီယာ
ဧပြီ ၂၅၊ ၂၀၂၅
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ရှိ မြို့နယ်ပြည်သူ့ဆေးရုံသို့ ဧပြီလ ၂၂ ရက်နေ့ မွန်းလွဲ ၂ နာရီ ၁၀ မိနစ်က ဗုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာများဖြင့် အမျိုးသမီးတစ်ဦးရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
ယင်းသို့စစ်ဆေးရာ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကမ္မရာကျေးရွာသို့ အကြမ်းဖက်အဖွဲ့(စိစစ်ဆဲ)က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကျေးရွာအတွင်း လက်နက်ကြီးဗုံးသီးများကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါကျေးရွာနေ ဒေါ်ခင်မာချို(၄၄)နှစ် တွင် ဗုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#ThePillarMediaMyanmar
#thepillarmedia
#myanmapillar
#ထောက်တိုင်မီဒီယာ

Comments
Post a Comment