ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Julie Bishop ကို ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ လက်ခံတွေ့ဆုံ

ThePillarMediaMyanmar 

ထောက်တိုင်မီဒီယာ 

ဧပြီ ၁၀၊ ၂၀၂၅ 

    ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန    ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Julie Bishop ကို ဧပြီ ၉ ရက်က နိုင်ငံခြားရေးဝန်ကြီးဌာန  နေပြည်တော်၌   လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။

ထိုသို့တွေ့ဆုံစဉ်  ငလျင်ဘေးသင့် ပြည်သူများကို  ကူညီပံ့ပိုးပေးနိုင်ရေးနှင့် တုံ့ပြန် ဆောင်ရွက်ရေးကြိုးပမ်း ဆောင်ရွက်မှုများတွင် မြန်မာနိုင်ငံနှင့် ကုလသမဂ္ဂအကြား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားမည့် ကိစ္စရပ်များအပေါ်   နှစ်ဖက်အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြောင်း သိရသည်။

အထူးကိုယ်စားလှယ်ကလည်း မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးကြောင့် အသက်အိုးအိမ် စည်းစိမ်ပျက်စီး   ဆုံးရှုံးမှုများအတွက် ဝမ်းနည်းပါကြောင်းနှင့် စာနာထောက်ထားမိပါကြောင်း ပြောကြားခဲ့သည်။

တွေ့ဆုံဆွေးနွေးပွဲသို့    နိုင်ငံခြားရေးဝန်ကြီးဌာနမှ   အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

#thepillarmediamyanmar  

#thepillarmedia 

#myanmapillar 

#ထောက်တိုင်မီဒီယာ 

#ငလျင်  


Comments