တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများ အဋ္ဌမအကြိမ် ရန်ကုန်မြို့သို့ရောက်ရှိ
ThePillarMediaMyanmar
ထောက်တိုင် မီဒီယာ
ဧပြီ ၂၃၊ ၂၀၂၅
မြန်မာနိုင်ငံတွင်ဖြစ်ပွားခဲ့သည့် မန္တလေးမြေငလျင်ကြီးကြောင့် ထိခိုက်ခံစားခဲ့ရသော ငလျင်ဒဏ်သင့်ဒေသများအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများတင်ဆောင်လာသော Air ChinaCagro လေယာဉ်သည် အဋ္ဌမအကြိမ်အဖြစ် ဧပြီ ၂၂ ရက်က ရန်ကုန်မြို့သို့ရောက်ရှိခဲ့ကြောင်း သိရသည်။
အဆိုပါလေယာဉ်ဖြင့် ဆေးဝါးများ(၃၇၉၀၃) Kg ပါရှိပြီး ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ရောက်ရှိစဉ် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ၊မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ Counsellor ဖြစ်သူ Mr.Ouyang Daobing နှင့်တာဝန်ရှိသူများက ကြိုဆိုလက်ခံကြသည်။ ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ Counsellor ဖြစ်သူ Mr.Ouyang Daobing က လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများပေးအပ်ရာရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းကလက်ခံရယူခဲ့ကြောင်း သိရသည်။
အဆိုပါရောက်ရှိလာသည့်ပစ္စည်းများအား တပ်မတော်သားများ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ဝန်ထမ်းများ၊ ပြည်တွင်းကုန်တင်ကုန်ချလုပ်သားများက သက်ဆိုင်ရာမော်တော်ယာဉ်များ ပေါ်သို့တင်ဆောင်ပြီး ငလျင်ဒဏ်သင့်ဒေသများသို့ ဆက်လက်ပို့ဆောင်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
#ThePillarMediaMyanmar
#thepillarmedia
#myanmapillar
#ထောက်တိုင်မီဒီယာ

Comments
Post a Comment