ရေစကြိုမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများက သေနတ်ဖြင့် လုပ်ကြံပစ်ခတ်မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိ



ThePillarMediaMyanmar

ထောက်တိုင် မီဒီယာ 

မေ ၂၊ ၂၀၂၅


မကွေးတိုင်းဒေသကြီး။ ရေစကြိုမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများက သေနတ်ဖြင့် လုပ်ကြံပစ်ခတ်မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ 


ဧပြီလ ၂၉ ရက်နေ့ ညနေ ၄ နာရီတွင် မကွေး တိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်ရှိ မြို့နယ်ပြည်သူ့ဆေးရုံသို့ ကျည်ထိမှန်ဒဏ်ရာများဖြင့် အမျိုးသား တစ်ဦးရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။ 


ယင်းသို့စစ်ဆေးရာ ရေစကြိုမြို့နယ်၊ ရွာသစ်ကျေးရွာနေ ဦးမျိုးမင်းအောင်(၃၃)နှစ်သည် ကျေးရွာ၏ အနောက်ဘက် ၄ ဖာလုံခန့်အကွာရှိ ထန်းတောအတွင်း အလုပ်လုပ်ကိုင်နေစဉ် PDF များက သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ၎င်းတွင် ကျည်ထိမှန်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


#ThePillarMediaMyanmar 

#thepillarmedia 

#myanmapillar 

#ထောက်တိုင်မီဒီယာ 

#konotchannel

Comments