ငလျင်ဘေးသင့်ပြည်သူများ အတွက် ဆန် ၂၄ ပြည် အိတ် ၅၀၀ ပေးအပ် လှူဒါန်း

 

ThePillarMediaMyanmar 

ထောက်တိုင်မီဒီယာ 

ဇွန်လ ၂၅၊ ၂၀၂၅ 

ငလျင်ဘေးသင့်ပြည်သူများအတွက် ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် ဝန်းသို ကျောင်းတိုက်မှ ဆရာတော် ဦးကေတုမာလာနှင့် သံဃာတော်များက ဆန် ၂၄ ပြည်အိတ် ၃၀၀ နှင့် အောင်ဇေရန်အောင် ဆရာတော် ဦးဥတ္တမသီရိက ဆန် ၂၄ ပြည် အိတ် ၂၀၀ စုစုပေါင်း ဆန်အိတ် ၅၀၀ ကို ဇွန်လ ၂၄ ရက်က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန   သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုဌာန (DMC)သို့ လာရောက်ပေးအပ်လှူဒါန်းရာ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ(၂) လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက  လက်ခံရယူပြီး သက်ဆိုင်ရာ  ဒါယိကာများသို့  ဂုဏ်ပြုမှတ်တမ်းလွှာများ  ပြန်လည် ပေးအပ်ခဲ့ကြောင်း သိရသည်။


#thepillarmediamyanmar 

#thepillarmedia 

#konotchannel 

#ထောက်တိုင်မီဒီယာ 

#myanmapillar 

Comments