မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား ၂၉ ဦး ယနေ့တွင် ထပ်မံစစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့
ThePillarMediaMyanmar
ထောက်တိုင်မီဒီယာ
ဇွန်လ ၂၂၊ ၂၀၂၅
ကရင်ပြည်နယ်၊ မြဝတီမြို့- မဲ့ထော်သလေး(KK Park) နယ်မြေတွင် အွန်လိုင်းလောင်း ကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသည့် တရုတ်နိုင်ငံ သား ၂၆ ဦး၊ အိန္ဒိယနိုင်ငံသားတစ်ဦး၊ နီပေါနိုင်ငံသားတစ်ဦးနှင့် အင်ဒိုနီးရှားနိုင်ငံသား တစ်ဦး၊ စုစုပေါင်း ၂၉ ဦးကို ဇွန်လ ၂၁ ရက်က ထပ်မံစစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်မှ ဇွန်လ ၂၁ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံ သား စုစုပေါင်း ၉၁၇၀ ဦး စစ်ဆေးဖော်ထုတ် ထိန်းသိမ်းနိုင်ခဲ့ကာ ၎င်းတို့အနက်မှ ၈၉၀၆ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာ နိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့် အညီ စနစ်တကျပြည်နှင်လွှဲပြောင်းပေးခဲ့ပြီး ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၂၆၄ ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် ၎င်းတို့ကို ကောင်းမွန်စွာထိန်းသိမ်းစောင့်ရှောက်ထားကြောင်း သိရသည်။
နိုင်ငံတော်အနေဖြင့် Online Scam Center လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသူများ နှင့် နောက်ကွယ်မှကြိုးကိုင်သော နိုင်ငံခြား သားများကိုဖော်ထုတ်ဖမ်းဆီးပြီး ထိထိ ရောက်ရောက်ပြင်းပြင်းထန်ထန် အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည့်အပြင် အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခရောက်နေ ကြသော နိုင်ငံခြားသားများနှင့် လူကုန်ကူး ခံရသည့် နိုင်ငံခြားသားများကို သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံးပြည်နှင်လွှဲပြောင်း ပေးနိုင်ရေးတက်ကြွစွာပူးပေါင်းဆောင်ရွက်နေကြောင်း သိရသည်။
#thepillarmediamyanmar
#thepillarmedia
#konotchannel
#ထောက်တိုင်မီဒီယာ
#myanmapillar

Comments
Post a Comment