န.စ.က ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ ဘယ်လာရုစ်နိုင်ငံသို့ ယနေ့ထွက်ခွာ



ThePillarMediaMyanmar 

ထောက်တိုင်မီဒီယာ 

ဇွန်လ ၂၅၊ ၂၀၂၅ 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် စတုတ္ထအကြိမ် ဥရောပ-အာရှ စီးပွားရေးဖိုရမ်(EEF 2025)ကို တက်ရောက်ရန် ယနေ့ဇွန် ၂၅ ရက်၊ မနက် ၁၀ နာရီခန့်က အထူးလေယာဉ်ဖြင့် နေပြည်တော်တပ်မတော်လေဆိပ်မှ ထွက်ခွာသွားကြောင်း သိရသည်။ 

ဘယ်လာရုစ်ခရီးစဉ်အတွင်း ဘယ်လာရုစ်နိုင်ငံ၊ မင့်စ်မြိုမှာ ကျင်းပပြုလုပ်မည့် စတုတ္ထအကြိမ် ဥရောပ-အာရှ စီးပွားရေးဖိုရမ်(EEF 2025)ကို တက်ရောက်မည်ဖြစ်ကာ Eurasian (ယူရေ့ရှန်) Economic Union (EAEU)၏ အလှည့်ကျဥက္ကဋ္ဌ ဘယ်လာရုစ်သမ္မတ အလက်ဇန်းဒါး လူကာရှန်ကိုနှင့် သီးခြားတွေ့ဆုံ ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။ 

ယင်းအပြင် ဥရောပ-အာရှ စီးပွားရေးကော်မရှင်ဘုတ်အဖွဲ့ ဥက္ကဋ္ဌနှင့် တွေ့ဆုံခြင်း၊ စက်ရုံအလုပ်ရုံများကို သွားရောက် လေ့လာခြင်း၊ ခရီးစဉ်အတွင်း နှစ်နိုင်ငံအစိုးရနှင့် ပြည်သူတွေအကြား ချစ်ကြည်ရေး၊ စီးပွားရေး၊ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များတွင် ကဏ္ဍပေါင်းစုံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များ၊ EAEU အဖွဲ့ဝင်နိုင်ငံများနှင့် စီးပွားရေးဖွံဖြိုးတိုးတက်မှုဆိုင်ရာကိစ္စများ ပိုမိုတိုးတက်ခိုင်မာအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ မတ်လ ၇ ရက်က ဘယ်လာရုစ်နိုင်ငံ၊ မင့်စ်မြို့တွင် ကျင်းပသည့် မြန်မာ-ဘယ်လာရုစ် စီးပွားရေးဖိုရမ်ကို တက်ရောက်ခဲ့ပြီး ဘယ်လာရုစ်သမ္မတနှင့်လည်း သီးခြားတွေ့ဆုံခဲ့ကြောင်း သိရသည်။ 

#thepillarmediamyanmar 

#thepillarmedia 

#konotchannel 

#ထောက်တိုင်မီဒီယာ 

#myanmapillar 

Comments