ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမောင်မောင်အေးအား မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာ သံအမတ်ကြီး H.E. Mrs. Prabashini Ponnamperuma က လာရောက်တွေ့ဆုံ

 

ThePillarMediaMyanmar 

ထောက်တိုင်မီဒီယာ 

ဇွန်လ ၂၅၊ ၂၀၂၅ 

      နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမောင်မောင်အေးအား မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာသံအမတ်ကြီး H.E. Mrs. Prabashini Ponnamperuma က ဇွန်လ ၂၄ ရက်က ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌  လာရောက်တွေ့ဆုံခဲ့ကြောင်း သိရသည်။

ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် သီရိလင်္ကာ နိုင်ငံတို့အကြား ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အခြေအနေများ၊ နှစ်နိုင်ငံသံတမန် ဆက်ဆံရေး ပိုမိုခိုင်မာစေရေးဆိုင်ရာ ကိစ္စရပ်များနှင့် သက်ဆိုင်ရာ ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြောင်း သိရသည်။

တွေ့ဆုံပွဲသို့   ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်အတူ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။ 


#thepillarmediamyanmar 

#thepillarmedia 

#konotchannel 

#ထောက်တိုင်မီဒီယာ 

#myanmapillar 

Comments