မြန်မာနိုင်ငံနှင့် ကာတာနိုင်ငံတို့အကြား ရေကြောင်းနှင့်လေကြောင်း ပို့ဆောင်ရေး ကဏ္ဍများတွင် ပူးပေါင်း ဆောင်ရွက်နေမှုများ ဆွေးနွေး

 

ThePillarMediaMyanmar 

ထောက်တိုင်မီဒီယာ 

ဇွန်လ ၂၆၊ ၂၀၂၅ 

       ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းသည် ရန်ကုန်မြို့အခြေစိုက် ကာတာသံရုံးမှ သံရုံးယာယီတာဝန်ခံ Dr. Rashid Abdulla AL- Kuwari အား  ဇွန်လ ၂၅ ရက်က နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန  ဧည့်တွေ့ခန်း၌  လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ကာတာနိုင်ငံတို့အကြား သံတမန်ဆက်သွယ်မှု (Diplomatic Relations) ကို ၂၀၀၅ ခုနှစ်တွင် စတင်ခဲ့ပြီး နှစ်နိုင်ငံ ရေကြောင်းနှင့်လေကြောင်း ပို့ဆောင်ရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်နေမှုနှင့် နိုင်ငံတကာ အဖွဲ့အစည်းများတွင် အပြန်အလှန်ပံ့ပိုး ကူညီရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြောင်း သိရသည်။

တွေ့ဆုံပွဲသို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အောက်ရှိ ဦးစီးဌာနများမှ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။  


#thepillarmediamyanmar 

#thepillarmedia 

#konotchannel 

#ထောက်တိုင်မီဒီယာ 

#myanmapillar 

Comments