မြန်မာ-နီပေါ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ဆက်ဆံမှုပိုမို တိုးမြှင့်ရေး ဆွေးနွေး
ThePillarMediaMyanmar
ထောက်တိုင်မီဒီယာ
ဇွန်လ ၂၄၊ ၂၀၂၅
မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမျိုးအောင်သည် မြန်မာနိုင်ငံဆိုင်ရာ နီပေါသံရုံးမှ သံအမတ်ကြီး H.E.Mr. Harishchandra Ghimireအား ဇွန်လ ၂၃ ရက်က မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။
တွေ့ဆုံစဉ် မြန်မာ-နီပေါ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ဆက်ဆံမှုပိုမိုတိုးမြှင့်ရေး၊ ဘာသာရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး ၊ လူမှုရေးကဏ္ဍများ၊ မန္တလေးငလျင်ကြီး လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် မဟာမုနိဘုရားကြီး နှင့် သာသနိက အဆောက်အအုံများ ပြန်လည်ပြုပြင်ဆောင်ရွက်နေသည့် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြောင်း သိရသည်။
တွေ့ဆုံပွဲသို့ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
#thepillarmediamyanmar
#thepillarmedia
#konotchannel
#ထောက်တိုင်မီဒီယာ
#myanmapillar

Comments
Post a Comment