မြန်မာ-တရုတ် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုအရ ပူးပေါင်း ဆောင်ရွက်လျက်ရှိသော တရုတ်နိုင်ငံ၏ ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်းများနှင့် စပ်လျဉ်း၍ ဆွေးနွေး

 

ThePillarMediaMyanmar 

ထောက်တိုင်မီဒီယာ 

ဇွန်လ ၂၅၊ ၂၀၂၅ 

       ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးမျိုးသန့်သည် မြန်မာ နိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စ မာကျား(H.E. Ms. Ma Jia)အား ဇွန်လ ၂၄ ရက်က နေပြည်တော် ရုံးအမှတ်(၁၁) ဆောက်လုပ်ရေးဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။

ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် မြန်မာ- တရုတ်  နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုအရ ပူးပေါင်း ဆောင်ရွက်လျက်ရှိသော တရုတ် နိုင်ငံ၏  ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်းများနှင့်  တရုတ်-မြန်မာစီးပွားရေးစင်္ကြံလမ်း  ကြောင်း တစ်လျှောက်ရှိ  မဟာဗျူဟာကျ သည့် စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရေးကိစ္စရပ်များ၊ ၂၀၂၅ ခုနှစ် မတ်လ   ၂၈  ရက်က  လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့်  ပျက်စီးသွားသော အဆောက်အအုံများ ပြန်လည်ပြုပြင်  ခြင်းနှင့် အသစ်တည်ဆောက်ခြင်းလုပ်ငန်း များတွင် နည်းပညာနှင့် ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများ  အကူအညီပေး ရေး၊ နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်နိုင်သည့် ဆောက်လုပ်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြောင်း သိရသည်။

တွေ့ဆုံဆွေးနွေးပွဲသို့ ဆောက်လုပ်ရေး ဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး၊ ဒုတိယ ဝန်ကြီးနှင့်အတူ တာဝန်ရှိသူများ၊ မြန်မာ နိုင်ငံဆိုင်ရာ   တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးနှင့် သံရုံးမှ တာဝန်ရှိသူများ တက်ရောက် ခဲ့ကြောင်း  သိရသည်။


#thepillarmediamyanmar 

#thepillarmedia 

#konotchannel 

#ထောက်တိုင်မီဒီယာ 

#myanmapillar 

Comments