မြန်မာ-နီပေါ နှစ်နိုင်ငံ ယဉ်ကျေးမှု ပူးပေါင်း ဆောင်ရွက်ရေး ကိစ္စရပ်များ ဆွေးနွေး

 

ThePillarMediaMyanmar 

ထောက်တိုင်မီဒီယာ 

ဇွန်လ ၂၇၊ ၂၀၂၅ 

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် မြန်မာနိုင်ငံဆိုင်ရာ နီပေါနိုင်ငံ သံအမတ်ကြီး မစ္စတာ ဟာရီရှ်ချန်ဒရာ ဂီမီရေး (H.E.Mr. Harishchandra Ghimire) ကို ဇွန်လ ၂၆ ရက်က နေပြည်တော်ရှိ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ရုံးအမှတ်(၃၅) ပြည်ထောင်စုဝန်ကြီး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။

တွေ့ဆုံစဉ် မတ်လ ၂၈ ရက်တွင် မြန်မာနိုင်ငံ၌လှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော ရှေးဟောင်းဘုရား၊ စေတီ၊ ပုထိုးများကို  မြန်မာ-နီပေါ နှစ်နိုင်ငံ ချစ်ကြည်ရေး အထိမ်းအမှတ်အဖြစ် နီပေါနိုင်ငံအစိုးရမှ ပြုပြင်မွမ်းမံလှူဒါန်း လိုခြင်းကိစ္စနှင့် စပ်လျဉ်း၍ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများနှင့် မြန်မာ-နီပေါ နှစ်နိုင်ငံ ယဉ်ကျေးမှုပူးပေါင်း ဆောင်ရွက်ရေး ကိစ္စရပ်များကို  ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြောင်း သိရသည်။

တွေ့ဆုံပွဲသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန  ဒုတိယဝန်ကြီး  ဒေါ်နုမြဇံ၊ အမြဲတမ်းအတွင်းဝန် ၊ ညွှန်ကြားရေးမှူးချုပ်များနှင့်  ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။


#thepillarmediamyanmar 

#thepillarmedia 

#konotchannel 

#ထောက်တိုင်မီဒီယာ 

#myanmapillar 

Comments