မြန်မာနှင့်ကုလသမဂ္ဂအကြား လက်ရှိပူးပေါင်း ဆောင်ရွက်နေမှုများ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး

 

ThePillarMediaMyanmar 

ထောက်တိုင်မီဒီယာ 

ဇွန်လ ၂၃၊ ၂၀၂၅ 

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်သည် ကုလသမဂ္ဂ Under-Secretary- General နှင့် ကုလသမဂ္ဂ စီမံကိန်းဝန်ဆောင်မှုရုံး (United Nations Office for Project Services-UNOPS)မှ အမှုဆောင် ညွှန်ကြားရေးမှူး Mr.Jorge Manuel Lopes Moreira Da Silva ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ဇွန်လ ၂၂ ရက်က တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။

တွေ့ဆုံစဉ် မြန်မာနှင့်ကုလသမဂ္ဂအကြား လက်ရှိပူးပေါင်း ဆောင်ရွက်နေမှုများ၊  UNOPS မှ စီမံခန့်ခွဲလျက်ရှိသည့် ရန်ပုံငွေများဖြင့် ပံ့ပိုးကူညီဆောင်ရွက်ပေးနေမှုများနှင့် ဆက်လက်ဆောင်ရွက်ပေးသွားမည့် အစီအစဉ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြောင်း သိရသည်။

တွေ့ဆုံပွဲသို့ တိုင်းဒေသကြီးဝန်ကြီးများ၊  ရင်းနှီးမြှုပ်နှံမှုနှင့်   နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။


#thepillarmediamyanmar 

#thepillarmedia 

#konotchannel 

#ထောက်တိုင်မီဒီယာ 

#myanmapillar 

Comments