ဝန်ကြီးဌာနနှင့် UNOCHA အဖွဲ့တို့အကြား ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ ဆွေးနွေး
ThePillarMediaMyanmar
ထောက်တိုင်မီဒီယာ
ဇွန်လ ၂၄၊ ၂၀၂၅
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် ကုလသမဂ္ဂလူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး(UNOCHA)၏ ယာယီရုံး အကြီးအကဲ Ms. Vanessa May ဦးဆောင်သောအဖွဲ့အား ဇွန်လ ၂၃ ရက်က အဆိုပါဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။
တွေ့ဆုံစဉ် ဝန်ကြီးဌာနနှင့် UNOCHA အဖွဲ့တို့အကြား ပူးပေါင်းဆောင်ရွက်လျက် ရှိသည့်လုပ်ငန်းများ၊ နိုင်ငံတော်မှ ဆောင်ရွက်နေသည့် ငလျင်ဘေးပြန်လည် ထူထောင်ရေးလုပ်ငန်းများ၊ ရုံးနှင့်ဝန်ထမ်းအိမ်ရာများအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံက အသင့်တပ်ဆင် အသုံးပြုနိုင်သည် ယာယီရုံးခန်း(Prefabricated Office)နှင့် ယာယီဝန်ထမ်းအိမ်ရာ (Prefabricated House)လှူဒါန်းထားရှိမှု အခြေအနေများ၊ AHA Centre မှလှူဒါန်းသည့် ယာယီ စာသင်ကျောင်းဆောင်များ (Prefabricated School) ဆောက်လုပ်ပြီးစီးမှု၊ UNOCHA ၏ ဝန်ထမ်းရေးရာ ကိစ္စရပ်များနှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည့် ကိစ္စများကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
#thepillarmediamyanmar
#thepillarmedia
#konotchannel
#ထောက်တိုင်မီဒီယာ
#myanmapillar

Comments
Post a Comment